ထိုင်း-မြန်မာနယ်စပ်နားမှာ မူးယစ်ဆေးဝါးမှောင်ခိုတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်း-မြန်မာနယ်စပ်နားမှာ မူးယစ်ဆေးဝါးမှောင်ခိုတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား





မတ် - ၂၁ ( သောကြာနေ့ ) 

မြန်မာနယ်စပ်နဲ့ ၇ ကီလိုမီတာအကွာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မဲဆောက်နဲ့ မယ်အော်ခရိုင်ကြားက တောတန်းထဲမှာ ထိုင်းစစ်တပ် ၃၂၀၇ ရိန်းဂျား မူးယစ်ဆေးဝါးနှိမနင်းရေးတပ်ဖွဲ့ မနေ့က ကင်းလှည်နေစဉ်မှာ ကျောပိုးအိတ်တွေနဲ့ လမ်းလျှောက်လာတဲ့ လူ ၈ ဦး ကို စစ်ဆေးမှုပြုလုပ်ရန်ကြိုးပမ်းစဉ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။ 

တာဝန်ရှိသူများက သံသယရှိသူများအား ရပ်တန့်ရန် အချက်ပြလိုက်တဲ့အချိန်မှာ အဆိုပါအဖွဲ့မှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းတဲ့အနေနဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အရာရှိများက တုံ့ပြန်ခဲ့ရာတွင် အချိန်တိုအတွင်း ပြင်းထန်စွာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုအပြီးတွင် ၃၂၀၇ ရိန်းဂျား တပ်ဖွဲ့ဝင်များအား ညဘက်တွင် အခင်းဖြစ်ပွားရာနေရာ ရှင်းလင်းရေးလုပ်ရာတွင် အန္တရာယ်များလွန်းတာကြောင့် နယ်မြေလုံခြုံရေးအတွက် တပ်ကူထပ်မံစေလွှတ်ခဲ့ပါတယ်။  

သောကြာနေ့ (မတ်လ 21 ရက်၊ 2025 ခုနှစ်) နံနက်အစောပိုင်းတွင် ဖာမောင်တပ်ဖွဲ့မှူး ဗိုလ်ချုပ် ကီဒါခွန်ချန်ထရာ က အဆိုပါနေရာအား စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရန်နှင့် မှောင်ခိုပစ္စည်းများကိုသိမ်းဆည်းရန် အမိန့်ပေးခဲ့ပါတယ်။ 

နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် အာဏာပိုင်များက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်သံသယရှိသူများမှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ယူဆရပါတယ်။ ထပ်မံရှာဖွေမှုများ ဆောင်ရွက်ရာတွင် စိတ်ကြွဆေးပြား ၂၈၀,၀၀၀ ခန့်နှင့် အလေးချိန် ၄.၈ ကီလိုဂရမ်ရှိသော ဘိန်းစိမ်း ၃ တုံးတို့ သိမ်းဆည်းရမိပါတယ်။ ထို့အပြင် တာဝန်ရှိသူများက လက်လုပ် သေနတ်တစ်လက်၊ ရေဒီယိုဆက်သွယ်ရေးစက်တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိသည့် ပစ္စည်းများအားလုံးကို မယ်အိုက်ရဲစခန်းမှ စုံစမ်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ 


REF: The Nation

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)