ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်ပြစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်ပြစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတက်ရောက်







စစ်တွေ၊ မတ် ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ဘာသာရပ်ပြစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံပညာရေးအတွက် မဟာဗျူဟာများကို အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် မဏ္ဍိုင် (၇) ခုဖြင့် ဖော်ပြထားရှိကြောင်း၊ မဏ္ဍိုင် (၃) သင်ကြား သင်ယူမှု၏မဟာဗျူဟာ (၂) တွင် စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံ့ဖြိုးရေး၏ လုပ်ငန်းခွင်ဆရာအတတ်သင်တန်းအစီအစဉ်များ အရည်အသွေးကို တိုးမြှင့်ခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာသင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲခြင်း (သူငယ်တန်းမှ (၁၂) တန်းအထိ) စာသင်နှစ် ဖွဲ့စည်းပြောင်းလဲခြင်းနှင့် ပညာရေးစနစ်၏ အရည်အသွေးကို မြှင့်တင်နေသည့်အတွက် ဆရာများ၏ ကျွမ်းကျင်မှုများ၊ အသိပညာများနှင့်ထိရောက်စွာ လက်တွေ့ဆောင်ရွက်မှုများ၊ မှန်ကန်သောတန်ဖိုးထားရှိမှု၊ အရည်အချင်းပြည့်ဝမှုများရှိရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အချင်းသည် ပညာရေးအရည်အသွေးကို ဆုံးဖြတ်ပေးသကဲ့သို့ ကျောင်းသားများ ကျောင်းနေမြဲရေး၊ ပညာရေးဆိုင်ရာရလဒ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်ပင်အရေးပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်တွင် ဆရာများ၏ အသိပညာ၊ ကျွမ်းကျင်မှုများ အရည်အသွေးဆိုင်ရာ မျှော်မှန်းချက်များနှင့် သင်ကြားရေးတာဝန်အဆင့်ဆင့်၌ လိုအပ်သည့် လုပ်ငန်းစွမ်းဆောင်ရည်များကို ရည်ညွှန်းပြီး ပညာရပ်နယ်ပယ် (၄) ခုဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ဆရာ၊ ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်သည် အချင်းချင်းအပြန်အလှန် ဆက်စပ်မှုရှိပြီး ဆရာများ၏လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဆရာများအားလုံးသည် စဉ်ဆက်မပြတ်လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များကို လုပ်ငန်းခွင်စတင်တာဝန်ထမ်းဆောင်စ ဆရာများ (Beginning Teachers)၊ လုပ်ငန်းအတွေ့အကြုံရှိဆရာများ (Experienced Teachers)၊ ကျွမ်းကျင်အဆင့်ရှိ ဆရာများ (Expert Teachers)၊ ဦးဆောင်ဆရာများ(Lead Teachers) ဆိုပြီး အဆင့်အလိုက် တဖြည်းဖြည်းလုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားရှိကြောင်း၊ ထို့ကြောင့် အခြေခံပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်ပြစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းနှင့် ဘာသာရပ်ပြစွမ်းရည်မြှင့်သင်တန်းများ တက်ရောက်ခွင့်ရရှိသည့်အတွက် စာသင်ကြားခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့် စာသင်ခန်းတွင်းမှ ဆရာ၏ အခန်းကဏ္ဍသင်ကြားနည်းအကြောင်းအရာဆိုင်ရာ အသိပညာ (Pedagogical Content Knowledge, PCK) ဆိုသည့် သင်ကြားရေးတတ်ကျွမ်းမှုနှင့် ပိုမိုကျယ်ပြန့်ပြီး စနစ်ကျသည့် ဆရာလုပ်ငန်းအပေါ်ရှုမြင်မှုရရှိလာမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလတစ်လျှောက် ပျက်ကွက်မရှိ၊ စည်းကမ်းသိက္ခာရှိစွာဖြင့် တက်ရောက်ကြရန်နှင့် ရခိုင်ပြည်နယ်၏ ပညာရေးစဉ်သဖြင့် မြင့်မားအောင် သင်တန်းအတွေ့အကြုံဗဟုသုတများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် အဖွဲ့သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံးနှုတ်ဆက်ကြသည်။

အဆိုပါ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၁) (Dip.EP) သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၄ ရက်မှ မေလ ၃၁ ရက်ထိ၊ မူလတန်းအဆင့် သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၉၃) ဦး၊ အလယ်တန်းအဆင့် သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၄၅၂) ဦးနှင့် အထက်တန်းအဆင့်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၂၀၅) ဦးတို့ကို သင်တန်းကာလ (၄) ရက်တာဖွင့်လှစ်ပြီး အဆိုပါသင်တန်းများတွင် M.Ed,M.Sc, M.A ဘွဲ့ရနည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တင်ထွန်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)