မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုမှု ကြည့်ရှုအားပေး

 




မကွေး , မတ် ၇

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) ပြီးမြောက်မှုစာမေးပွဲများကို ဖြေဆိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁၊ ၃၊ ၄)အခြေခံပညာကျောင်းများသို့ သွားရောက်၍  (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ ပြီးမြောက်မှုစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)ပြီးမြောက်မှုစာမေးပွဲကို အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်  မကွေးမြို့နယ်အတွင်း စာစစ်ဌာန (၃၆)ခုဖွင့်လှစ်ပြီး ဖြေဆိုသူစုစုပေါင်း (၄၅၀၅)ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာမေးပွဲကို စာစစ်ဌာန (၃၂)ခုမှာ ဖြေဆိုသူစုစုပေါင်း (၃၃၂၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) ပြီးမြောက်မှုစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၃) ရက်နေ့မှ (၇)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာမူလတန်းအဆင့်(Grade-5)စာမေးပွဲကို စာစစ်ဌာန (၇၀၂)ခုဖွင့်လှစ်၍ ဖြေဆိုသူစုစုပေါင်း (၄၄၃၉၅)ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)စာမေးပွဲကို စာစစ်ဌာန (၄၆၂)ခု၌ ဖြေဆိုသူစုစုပေါင်း (၃၁၈၈၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)