တောင်ကြီး , မတ် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် တောင်ကြီးမြို့နယ်အတွင်းရှိ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ရှမ်းပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုမင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားကျေးရွာမြောက်ဘက်အနီး နောင်ကားရေလှောင်တမံ ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဧရိယာတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုမင်းက သဲနုန်းတူးဖော်မှုအခြေအနေများ၊ ကန်ဧရိယာတစ်လျှောက် ဘောင်ဖို့နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် နောင်ကားရေးထွက်မှ တမံအတွင်း ရေသွယ်ယူထားရှိမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် နောင်ကားတမံသည် နောင်ကားရေထွက်နှင့် နောင်ကားချောင်းစီးဆင်းသည့် ချောင်းနေရာအား ပိတ်၍တည်ဆောက်ထားပြီး သောက်သုံးရေ လူဦးရေ (၂၀၀၀)ခန့် နှင့် စိုက်ပျိုးမြေ (၈၀၀) ဧကအတွက် စိုက်ပျိုးရေပေးဝေနိုင်သည့် ရေလှောင်တမံဖြစ်ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
https://t.me/MyanmarNationalPost


No comments:
Post a Comment