ရွှေဘိုမြို့ရှိ အောင်ဇေယျဈေးအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့ရှိ အောင်ဇေယျဈေးအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ







နေပြည်တော်၊ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ မတ်လ ၂၅ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် ဈေးအတွင်းဈေးရောင်းနေသည့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဒေသခံပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)