“Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

“Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ တက်ရောက်





နန်နင်း၊ မတ် ၁၀

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၇-၃-၂၀၂၅ ရက်နေ့တွင် ကွမ်ရှီး ဒေသနိုင်ငံခြားရေးရုံးမှ ကြီးမှူးပြုလုပ်သော “Radiance & Fragrance-A Brighter Future for Women” အစီအစဉ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် အမျိုးသမီးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစီအစဉ်ကို ကမ္ဘာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ကွမ်ရှီးဒေသရှိ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကျောင်းများမှ အမျိုးသမီးဝန်ထမ်းများ၊ ဆရာမများ၊  နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ အမျိုးသမီးကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးဝန်ထမ်းများစသည်ဖြင့် (၅၀)ဦးခန့် ပါဝင် တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် Ms. Sun Chunhua က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ကာ ပါဝင်တက်ရောက်သူများ က စကားဝိုင်းဆွေးနွေးပွဲ၊ ကျွမ့်ရိုးရာလက်မှုပညာသင်တန်းနှင့် ပန်းအလှဆင်သင်တန်း အစီ အစဉ်များတွင် တက်ကြွစွာ ပါဝင်ခဲ့ကာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ရိုးရာအစားအစာ ဖြစ်သည့် မုန့်ဟင်းခါးဖြင့် ပါဝင်တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)