အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ် အလှမယ်ပြိုင်ပွဲတွင် ကျောက်တံတားခရိုင်ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆုဆွတ်ခူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ် အလှမယ်ပြိုင်ပွဲတွင် ကျောက်တံတားခရိုင်ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆုဆွတ်ခူး

 



ရန်ကုန် , မတ် ၈


ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ် Miss Yangon 2025 ပြိုင်ပွဲကြီးကို ယ‌မန်နေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်ရှင်းစင်တာ (MCC) ခန်းမ၌ကျင်းပရာ ကျောက်တံတားခရိုင်ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆု ဆွတ်ခူးရရှိခဲ့သည်။


ဦးစွာ ပြိုင်ပွဲ၀င်အလှမယ်များက မြန်မာ့ရိုးရာသနတ်ခါး၊ မြန်မာ့ရိုးရာ၀တ်စုံ၊ ရေကူး၀တ်စုံ၊ ဂါ၀န်၀တ်စုံ၊ ညနေခင်း၀တ်စုံနင့် အမေးအဖြေကဏ္ဍများ အဆင့်ဆင့်ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး‌ရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေ၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၏ဇနီးများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ယင်းပြိုင်ပွဲတွင် Winner ဆုရ မယွန်းအိမွန် (ကျောက်တံတားခရိုင်)၊ 1st Runner Up ဆု မဝင်းသော်တာအောင် (မင်္ဂလာဒုံခရိုင်)၊ 2nd Runner Up ဆု မဝင်းပပမျိုး (ရန်ကုန်တက္ကသိုလ်)၊ 3rd Runner Up ဆု မမှူးပိုမို  (ဆေးတက္ကသိုလ်၁)၊ 4th Runner Up ဆု မထက်တွယ်တာမိုး (ဒဂုံတက္ကသိုလ်)၊ 5th Runner Up ဆုရမရတီလှိုင် (သင်္ဃန်းကျွန်းခရိုင်) တို့ ရရှိသွားကြသည်။


ယင်းပြိုင်တွင် Winner ဆုရ ငွေသား ကျပ် (၃၀) သိန်း၊ Skin Care ကျပ် (၃၀) သိန်း၊ ရတနာပစ္စည်း ကျပ် (၁၅) သိန်းတို့အား ချီးမြှင့်မည်။ Winner ဆုအပြင် 1st Runner Up မှ 5th Runner Up အထိ ငါးဆုကိုလည်းကောင်း၊ Title Award ခေါင်းစဉ်ဆု (၁၂)ဆုကိုလည်းကောင်း၊ ပါဝင်ယှဉ်ပြိုင်သူများ အားလုံးကို Participation Award ဆုများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


ယင်းပြိုင်ပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီးခရိုင် (၁၄)ခရိုင်မှ ပြိုင်ပွဲ၀င်အလှမယ် (၄၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)