BJPပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းအပေါ် အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် လိုအပ်သလို ထိန်းကြောင်းတည့်မတ် ပေးရန် လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

BJPပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းအပေါ် အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် လိုအပ်သလို ထိန်းကြောင်းတည့်မတ် ပေးရန် လိုအပ်



နေပြည်တော်၊ ဧပြီ ၃၀

BJPပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းသည့်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့က အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် လိုအပ်သလို ထိန်းကြောင်းတည့်မတ် ပေးရန် လိုအပ်ကြောင်း ဖြေကြားထားသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့က မေးမြန်းမှုနှင့် ပတ်သက်၍ ဖြေကြားထားရာတွင် "မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားဝင်ဆွေးနွေး တိုင်းတာအတည်ပြုပြီးဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်ကိစ္စများ ဖြစ်ပါသည်။ ၎င်းကို မဏိပူရ ပြည်နယ်မှ အချို့သော နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များသည် ၎င်းတို့၏ နိုင်ငံရေး မဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏ ပြောဆိုနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိနေရသည်။ ၂၀၁၁ ခုနှစ်က မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားက ကဘော်ချိုင့်ဝှမ်းကို မဏိပူရက ပိုင်သင့်ကြောင်းပြောခဲ့ပြီး၊ ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း အဆိုပါ ပါတီကပင် ၎င်းတို့ ပါတီကို မဲပေးလျှင် ကဘော်ချိုင့်ဝှမ်းကို ပြန်တောင်းပေးမည်ဆိုပြီး မဲဆွယ်ခဲ့ပါသည်။ ယခုတွင်လည်း BJPပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်ပါသည်။ အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် နိုင်ငံတော်အဆင့် သဘောတူဆောင်ရွက်နေသော ကိစ္စများကို ပြည်နယ် တစ်ခု၊ ပါတီတစ်ခုက ဖျက်လိုဖျက်ဆီး ပြောဆိုနေမှုများကို လိုအပ်သလို ထိန်းကြောင်းတည့်မတ် ပေးရန် လိုအပ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သလို လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများဖြစ်ပါသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အကြားတည်ရှိနေသော အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးများကို မြန်မာနိုင်ငံဘက်က အမြဲရပ်တည် ထိန်းသိမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် ပြုမူပြောဆိုမှုများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားလိုပါသည်။" ဟု ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)