နေပြည်တော်၊ ဧပြီ ၃၀
တရုတ် CCP နဲ့ ဘင်္ဂလားဒေ့ရှ်က Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်၊ အဲဒီနောက် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မွတ်ဆလင်တွေကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုသတ်မှတ်ပေးဖို့ တရုတ်က မြန်မာကို တိုက်တွန်းဖို့ ပြောဆိုခဲ့သည့်အပေါ် မီဒီယာတစ်ခုမှ ဆက်သွယ်မေးမြန်းရာ Jamaat-e-Islami ပါတီ က နိုင်ငံရေးအမြတ်ထုတ် ပြောဆိုမှုအတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း တုန့်ပြန်ဖြေကြားထားသည်။
Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခုဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ယခု ကြားဖြတ်အစိုးရလက်ထက် ၂၀၂၄ခုနှစ် ဩဂုတ်လအတွင်းက ၎င်းပါတီအပေါ် စွပ်စွဲထားမှုများအား ရုတ်သိမ်းပေးခဲ့ကြောင်းတွေ့ ရှိရကြောင်း၊ လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ ဒါကာမြို့ရှိ Hotel Westinတွင် Jamaat-e-Islami ပါတီ ဗဟို ကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများပါရှိကြောင်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက်များကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ ဆုံပြီး လက်ခံရေးကိစ္စများ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စများကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမည်ဆိုသည့် အခြေခံ မူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံ တကာသံတမန်များသို့လည်း ရှင်းလင်းပြသပြီးဖြစ်ကြောင်း ဖြေကြားထားသည်။
Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်းပြောကြား ဖြေကြားထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment