မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး




မြစ်သား ဧပြီ ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက်(၅)နာရီခွဲ အချိန်က စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။


မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို နေ့စဥ်တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ယခုဧပြီလတွင် ရုံး ဖွင့်ရက် (၂၂) ရက်နေ့မှ၍ နေ့စဉ် ထုတ်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် အငြိမ်းစားပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)