နေပြည်တော်၊ ဧပြီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ (၁၄ ၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့တွေ့ဆုံစဉ် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်မှု၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များ စေလွှတ်ပေးမှုများအတွက် အိန္ဒိယနိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် ငလျင်ဒဏ်ခံစားရသူများအား ကယ်တင်ရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment