ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော်မြေခ၊ ဌာပနာပစ္စည်းများအား လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဝန်ထမ်းများက ရှာဖွေတွေ့ရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော်မြေခ၊ ဌာပနာပစ္စည်းများအား လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဝန်ထမ်းများက ရှာဖွေတွေ့ရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံ





နေပြည်တော်၊ ဧပြီ ၈

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မကိုဋ်တော်စောင်းသွားခြင်း၊ ရွှေသားထီးတော်ကြီး၏ အနောက်ဘက်စောင်းသွားခြင်း၊ စိန်ဖူးတော်မြေခခြင်းများအပြင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော် မူသော ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး၏ အရပ်လေးမျက်နှာရှိ စမြင်များ၊ တန်ဆောင်း နေရာများနှင့် နေရာအချို့တွင်လည်း ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြိုကျပျက်စီးသွားမှုများကြောင့် မဟာမုနိဘုရားကြီး၏ ရင်ပြင်တော်၌ တပ်မတော်သားများက ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိများနှင့်ပူးပေါင်း၍  စက်ယန္တရား များ၏ အကူအညီရယူကာ အပျက်အစီးများအား အားသွန်ခွန်စိုက် ဖယ်ရှားရှင်းလင်း ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်စဉ် မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ကျောင်းတော်ကြီး၏ အနောက်ဘက် ရင်ပြင်တော်ရှိ အဆောက်အဦ အပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး (၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး) နှင့် (အတွင်း)စိန်ဖူးတော်ကိုလည်းကောင်း၊ ဧပြီလ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့် (အပြင်)စိန်ဖူးတော် (အောက်ခြမ်း) ကိုလည်းကောင်း၊ ဧပြီ ၃ ရက်တွင် ရတနာပစ္စည်း ၈၃ မျိုး (၁၀ ကျပ်သား၊ ၁၁ ပဲ၊ ၄ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၄ ရက်တွင် ရတနာပစ္စည်း ၂၉၅ မျိုး (၄၂ ကျပ်သား၊ ၉ ပဲ၊ ၆ ရွေး)နှင့် အပြင်စိန်ဖူးတော်(အပေါ်ခြမ်း)(စိန် ၇ ရတီ ပါ) ကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ရတနာ ပစ္စည်း ၂၆၄ မျိုး(၄၇ ကျပ်သား၊ ၁၅ ပဲ၊ ၅ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၆ ရက်တွင် ရတနာ ပစ္စည်း ၈၄ မျိုး (၁၄ ကျပ်သား၊ ၂ ပဲ၊ ၃ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၇ ရက် တွင် ရတနာ ပစ္စည်း ၁၂၄ မျိုး (၁၈ ကျပ်သား၊ ၁၄ ပဲ၊ ၂ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၈ ရက် တွင် ရတနာ ပစ္စည်း ၆၄ မျိုး (၇ ကျပ်သား၊ ၅ ပဲ)ကိုလည်းကောင်း ယနေ့အထိ စုစုပေါင်း ရတနာ ပစ္စည်းမျိုးစုံ ၁၂၅၀ မျိုး၊ (၂၀၇ ကျပ်သား၊ ၃ ပဲ၊ ၇ ရွေး)တို့အားတွေ့ရှိခဲ့ သဖြင့် တာဝန်ရှိသူ များက ဘုရားကြီးဂေါပကထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်းသိရသည်။

မဟာမုနိဘုရားကြီး၏ စိန်ဖူးတော်သည် မြန်မာသက္ကရာဇ် ၁၂၆၀ (ခရစ်နှစ် ၁၈၉၈)ခုနှစ်တွင် မင်းဆွေမင်းမျိုး မဟာရာဇာစော်ဘွားကြီး၏ ကောင်းမှုတော်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၈၀ (ခရစ်နှစ် ၁၉၁၈)ခုနှစ်တွင် ညောင်ရွှေစော်ဘွာကြီးနှင့် မဟာ ဒေဝီတို့က ပြန်လည်ပြုပြင် ပူဇော်ခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၆၄(ခရစ်နှစ် ၂၀၀၂) ခုနှစ်တွင် မဟာမုနိဘုရားကြီး၏ စိန်ဖူးတော်အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အများပြည်သူများ ကောင်းမှုဖြင့် ပြန်ငုံပြုပြင်ပူဇော်ခဲ့သည်။

၁၈၅၂ ခုနှစ် ပုဂံမင်းနှင့် မယ်တော်နှမတော်တို့က မကိုဋ်တော်၊ စလွယ်တော်နှင့် ဒုတင်တော်၊ စုလျားတော်တို့ကို လှူဒါန်းခဲ့သည်။  ၁၉၀၂ခုနှစ်တွင် ရွှေမကိုဋ်တော်အား ပြန်လည်ပြုပြင်ပြီး ရွှေသားချိန် ၁၁၉၉ကျပ်သား ၁ မူး နှင့် စိန်၊ ပတ္တမြား၊ နီလာ၊ ရတနာ မျိုးစုံ ၉၄၀လုံး စီခြယ်သော မကိုဋ်တော်အား လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့်  မဟာမုနိဘုရားကြီး၏ မကိုဋ် တော်၊ စိန်ဖူးတော်နှင့် ရွှေသားထီးတော်ကြီး တည့်မတ်ရေးလုပ်ငန်းများ၊ မဟာမုနိကျောင်း တော်ကြီးပြုပြင်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအပြင် သာသနိက အဆောက်အဦများ ပြုပြင်ရေးလုပ်ငန်းများကို မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုတို့ဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)