မြို့သစ်၊ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ရတနသုတ်ပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ညနေပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာအသီးသီးရှိ တန်ခိုးကြီးဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဧပြီလ(၈)ရက်နေ့မှ (၁၆)
ရက်နေ့အထိ ရတနသုတ်ပရိတ်တော်ကို(၉)ခေါက် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး အလားတူ ဌာနဆိုင်ရာရုံးများ၌လည်း အန္တရာယ်ကင်း ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment