ရေနံချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်







ရေနံချောင်း၊ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ည ၇ နာရီက ရွှေကြာငုံရပ်ကွက် ရွှေစေတီပါဠိတက္ကသိုလ်ဘုန်းတော်ကြီးကျောင်းနှင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာဓမ္မာရုံများတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာကြွရောက်တော်မူလာကြသော ဆရာတော်၊သံဃာတော်များ၊ ဝတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရွှေစေတီပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဦးဇဋိလနှင့် သံဃာတော်များက နိုင်ငံတစ်ဝန်းရှိရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ရေဘေး နှင့် ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်း ရတနာသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမေတ္တာပို့အမျှပေးဝေခဲ့သည်။

အလားတူ ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာ ဓမ္မာရုံများတွင်လည်း ဝတ်ရွတ်အသင်းများက သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး အန္တရာယ်ကင်း ရတနာသုတ်ပရိတ်တရားတော်အားဧပြီလ(၈) ရက်နေ့မှဧပြီလ(၁၆)ရက်နေ့အထိ(၉)ရက်တိုင်တိုင်ည(၇)နာရီမှစတင်ကာ(၉)ခေါက်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)