မကွေး၊ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ရဟန်းရှင်လူပြည်သူအများ သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်ရွတ်အသင်းများက ရတနသုတ် ပရိတ်တရားတော်အားစုပေါင်း ရွတ်ဆိုပူဇော်ခြင်းကို ယနေ့ည ၇ နာရီအချိန်မှစပြီး မကွေးမြို့ပေါ်ရှိ ပန်းရစ်တောင်စေတီ ၊ဘုန်းတော်ကြီးကျောင်းတိုက် (၈)တိုက်နှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်အဆင့် ၊ဌာနဆိုင်ရာ ရုံးအသီးသီးတွင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ပွဲများတွင် ဆရာတော်၊သံဃာတော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး နိုင်ငံတစ်ဝန်းရှိရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ရေဘေး နှင့် ငလျင်ဘေး စသည့်သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်၍ မေတ္တာပို့ ၊အမျှအတန်းပေးဝေကြသည်။
ထို့ပြင်မကွေးမြို့ပေါ်ရှိ တိုင်းဒေသကြီး ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ရုံးများ ၊သင်တန်းကျောင်းများတွင်လည်း သက်ဆိုင်ရာဝတ်ရွတ် အသင်းများကသဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်း ရတနသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment