ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး







ဟားခါး၊ ဧပြီ ၁၅

၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော်အကျနေ့ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ယိမ်းအဖွဲ့များမှ အလှမယ်များက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးစင်ဝင်ရှေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးအား  နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖြန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကလည်း ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖြန်းပေးကြသည်။

ထို့နောက် ပိတောက်နတ်သမီးယိမ်းအဖွဲ့က စင်မြင့်ထက်၌ သနပ်ခါးသွေးပေးကြပြီး ထိုသို့ ပိတောက်နတ်သမီးယိမိးအဖွဲ့က သနပ်ခါးသွေးပေးနေစဉ်အတွင်း တိုင်းရင်းသားရေးရာဌာနမှ ဒေါ်ပါရ်ဘောရ်ဇီးက မြန်မာ့လူ့အဖွဲ့အစည်းတွင် သနပ်ခါးလိမ်းသည့် မြန်မာ့ယဉ်ကျေးမှုဓလေ့ အကြောင်းကို ရှင်းလင်းပြောကြားသည်။     

ယင်းနောက် ပိတောက်နတ်သမီးယိမ်းအဖွဲ့မှအလှမယ်များက နွေဦးပျိုမေယိမ်းအဖွဲ့မှ အလှမယ်များကို အသည်းပုံစံဖြင့်လည်းကောင်း၊ နွေဦးပျိုမေယိမ်းအဖွဲ့မှ အလှမယ်များက ပိတောက်နတ်သမီးယိမ်းအဖွဲ့မှ အလှမယ်များကို အသည်းပုံစံဖြင့်လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများကို ၎င်းတို့ ဇနီးများကလည်းကောင်း အပြန်အလှန် သနပ်ခါးလိမ်းခြယ်ပေးကြပြီး သနပ်ခါးလိမ်းခြယ်ထားကြသော ပိတောက်နတ်သမီးယိမ်းအဖွဲ့မှ အလှမယ်များနှင့် နွေဦးပျိုမေယိမ်းအဖွဲ့မှ အလှမယ်များက ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အတူတကွ ဦးညွတ်ဂါရဝပြုကြပြီးနောက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားရေးလုပ်ငန်း အောင်မြင်စွာ ရုပ်သိမ်းကာ စတုဒိတာများဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)