အိုဆာကာကမ္ဘာ့ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသမည့် အာဆီယံပြခန်း ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိုဆာကာကမ္ဘာ့ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသမည့် အာဆီယံပြခန်း ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်



တိုကျို၊ ဧပြီ ၁၅

 ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာ့ကုန်စည်ပြပွဲ ၂၀၂၅ တွင် ခင်းကျင်းပြသသွားမည့် အာဆီယံပြခန်း (ASEAN Pavilion) ဖွင့်ပွဲအခမ်းအနားအား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ ၊ အာဆီယံ-ဂျပန်စင်တာ၏ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi တို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

 အခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် မလေးရှား နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် H.E. Mr. Dato Hairil Yahri Yahaya တို့မှ မိန့်ခွန်းများ အသီးသီးပြောကြားကာ အာဆီယံအတွင်းရေးမှူးချုပ်မှ ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ သံအမတ်ကြီးများသည် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အိုဆာကာကန်ဆိုင်းကမ္ဘာ့ကုန်စည်ပြပွဲရှိ အာဆီယံပြခန်းအား ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)