တာမွေမြို့နယ်၌ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် လှုပ်ရှားမှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် လှုပ်ရှားမှုပြုလုပ်






တာမွေ၊ ဧပြီ ၂


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် အဖြစ် ၂၀၂၅ - ခုနှစ် မတ်လ(၃၁)ရက်နေ့ မှ ၂၀၂၅ - ခုနှစ် ဧပြီလ(၆)ရက်နေ့အထိ (၇) ရက်အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာ လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံတစ် ဝှမ်းလုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင်လည်း နိုင်ငံတော် အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် လှုပ်ရှားမှုအဖြစ် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၏ နိုင်ငံတော် အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားသော အလံတိုင်ရှေ့၌ တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ မြို့နယ် အတွင်း လှုပ်ရှားသွားလာနေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် လှုပ်ရှားမှုအဖြစ် ၎င်းအချိန်တွင် ဝမ်းနည်း ခြင်း အထိမ်းအမှတ် ဥဩဆွဲ ဂါရဝပြုခြင်း၊ ၎င်းအချိန်တွင် မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ် များအား ခေတ္တရပ်ဆိုင်း၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် လိုဂိုများအား ထုတ်လွှင့်ခြင်း၊ သက်ဆိုင်သည့် ကိုးကွယ်ရာ ဘာသာအလိုက် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်း၊ အန္တရာယ် ကင်း ပရိတ်များ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်း ပေးဝေခြင်းတို့ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)