ထားဝယ်မြို့်တွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြည်သူများပူးပေါင်းပါဝင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့်တွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြည်သူများပူးပေါင်းပါဝင်







ထားဝယ်၊ ဧပြီ ၂

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာ လှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် တစ်ပြိုင်နက် ပြုလုပ်ရာ ထားဝယ်မြို့ နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအားလုံးပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့သည်။ 

ယင်းသို့ဆောင်ရွက်ရာတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာ နေသော မော်တော်ယာဉ်များအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ် ဂါရဝပြုခြင်း၊ ဥဩဆွဲ ဂါရဝပြုခြင်း၊ သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအလိုက် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်း၊အန္တရာယ်ကင်း ပရိတ်များ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်းပေးဝေခြင်း တို့ကို တစ်ပြိုင်နက် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ဝ၂ စက္ကန့်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်) တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် အဖြစ် ၃၁-၃-၂၀၂၅ ရက်နေ့မှ ၆-၄-၂၀၂၅ ရက်နေ့အထိ (၇) ရက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က သတ်မှတ်ကြေညာခဲ့သည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)