နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်းနေရာများနှင့် သာသနိကအဆောက်အဦများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်းနေရာများနှင့် သာသနိကအဆောက်အဦများအား ကွင်းဆင်းကြည့်ရှု





နေပြည်တော်  ဧပြီ  ၂၀


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်းနေရာများနှင့် သာသနိကအဆောက်အဦများအား ကွင်းဆင်းကြည့်ရှုသည်။


ဦးစွာနေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ဗိုလ်တောက်ထိန်လမ်းနှင့် ဗိုလ်ချုပ်လမ်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်‌ဆေးရာ နေပြည်တော်ကောင်စီဝင်က ပျက်စီးခဲ့သည့်အဆောက်အဦများအား စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း မှာကြားပြီး ဖယ်ရှားရှင်းလင်း‌ရေးဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် လုပ်အားပေးအဖွဲ့များအား အချိုရည်၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်အတွင်းရှိ နံတော်စဥ်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးကုသလအား ဖူးမြော်ကြည်ညိုကာ နဝက္ကမအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး ကျောင်းဝန်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘုံမြင့်ကျောင်းတိုက်၊ မစိုးရိမ်ပရိယတ္ထိစာသင်တိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များသို့ သွားရောက်ကာ ဆန်၊ ဆီ၊ ကြက်အူချောင်း၊ ခေါက်ဆွဲခြောက်များနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးကျောင်းများအတွင်း သိမ်ကျောင်းနှင့် ကျောင်းဆောင်များ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးအဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးနှင့် စနစ်တကျပြန်လည်တည်ဆောက်ရေးများတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်စေလိုအပ်ကြောင်း ပြောကြားခဲ့သည်။


အောင်သူရဦး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)