ဒဂုံတောင် ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုးသာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် ပြည်သူများ အသွားအလာများသော ဈေးများ၊ လမ်းဆုံလမ်းထောင့်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် နေ့စဉ်ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ရောင်းချပေးရာတွင် Myanmar C.P Livestock Co.Ltd မှ ကြက်ဥ(၁၄၀၀၀)လုံးနှင့် ကျော်ဖြိုးဟိန်းကြက်ဥဒိုင်မှ ကြက်ဥ(၂၀၀၀)လုံး၊ စုစုပေါင်း ကြက်ဥ (၁၆၀၀၀) လုံးထုတ်ယူ၍ (၅၇) ရပ်ကွက်၊ ပုဂံလမ်း၊ ဒဂုံသီရိဈေးတွင် ကြက်ဥ (၈၀၀၀) လုံး၊ (၇၀) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် ကြက်ဥ (၈၀၀၀) လုံးတို့အား ကြက်ဥတစ်လုံးလျှင် (၃၆၅/-) ကျပ်နှုန်းဖြင့် ယနေ့နံနက် ၇ နာရီမှစ၍ ကြက်ဥ (၁၆၀၀၀) လုံး ကုန်သည်အထိ ရောင်းချပေးကြောင်း သတင်းရရှိသည်။
သန်းသန်းအေး
https://t.me/MyanmarNationalPost


No comments:
Post a Comment