အခြေခံစားသောက်ကုန်များ ဈေးသက်သာစွာဝယ်ယူ‌ရေးနိုင်ရေး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ဥများဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစားသောက်ကုန်များ ဈေးသက်သာစွာဝယ်ယူ‌ရေးနိုင်ရေး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ဥများဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်ရောင်းချ





ဒဂုံတောင်  ၊ ဧပြီ ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုးသာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် ပြည်သူများအသွားအလာများသော ဈေးများ၊ လမ်းဆုံလမ်းထောင့်တို့တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူများလက်ဝယ်အရောက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။


ထိုသို့ရောင်းချပေးရာတွင် Myanmar C.P Livestock Co.,ltd မှ ကြက်ဥ(၇၀၀၀)လုံး ထုတ်ယူ၍(၁၀၆)ရပ်ကွက်၊ ကေတုမတီလမ်း၊ ကေတုမတီဈေးတွင် ကြက်ဥတစ်လုံးလျှင် (၃၆၅/-)ကျပ်နှုန်းဖြင့် ယနေ့နံနက်၇နာရီမှစ၍ ကြက်ဥ (၇၀၀၀)လုံးကုန်သည်အထိ ရောင်းချပေးကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။


သန်းသန်းအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)