ချောက် ၊ ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်ခရိုင်စုပေါင်းရုံး၌ မြန်မာ့နှစ်သစ်ကူး နှစ် ၁၃၈၇ ခုနှစ် သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် ဧပြီ ၁၇ ရက်နေ့ နံနက်(၉) နာရီ အချိန်က ချောက်မြို့နယ်တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာတို့၏နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသောကာလဖြစ်သည်နှင့်အညီ နှစ်ဆန်း(၁)ရက်နေ့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကန်တော့ခံသက်ကြီးဘိုးဘွားတို့အား ကန်တော့ချိုးတိုင်ပေးပြီး ပူဇော်ကန်တော့ခဲ့သည်။ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၃)ဦးထံအရောက်တစ်ဦးလျှင် ငွေကျပ်(၂ဝ,၀၀၀)နှုန်းပေးအပ်လှူဒါန်း၍ ပူဇော်ပွဲတက်ရောက်သော ဘိုးဘွားတို့ကို Royal - Dဘူးတို့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ယနေ့ညနေတွင် မဟာအေးစေတီဘုရားမှ ချောက်မြို့နယ် သံဃာနာယကဆရာတော်(၁၁)ပါးက အမှတ်(၁)ရပ်ကွက် ရွှေပုံတောင်ရပ်မှ အမှတ်(၁၅)ရပ်ကွက်တိုးချဲ့ရပ်အထိ လမ်းမတော်တစ်လျှောက်မော်တော်ကားများဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment