ဧပြီ - ၁၉ ( စနေနေ့ )
ဟားမတ်စ်သည် ဂါဇာတွင် စစ်ပွဲအဆုံးသတ်ရန်နှင့် အစ္စရေးတွင် အကျဉ်းချခံထားရသော ပါလက်စတိုင်းများ အတွက် အစ္စရေး ဓားစာခံအားလုံးကို လဲလှယ်ရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု တစ်ရပ်ကို ရှာဖွေနေ ကြောင်း အဆိုပါအဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပေမဲ့ အခြားယာယီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစ္စရေး ရဲ့ အဆိုပြုချက်ကိုတော့ ပယ်ချလိုက်ပါတယ်။
ပါလက်စတိုင်းအဖွဲ့သည် ကြားဖြတ်သဘောတူညီချက်များကို လက်ခံတော့မည်မဟုတ်ကြောင်း ဟားမတ်စ်၏ ဂါဇာဆိုင်ရာညှိနှိုင်းရေးမှူး ခါလယ်အယ်လ် ဟေယာ ရဲ့ သောကြာနေ့ဗီဒီယိုထုတ်ပြန်ချက်တစ်ခုမှာပါရှိပါတယ်။
အစ္စရေး၏ နောက်ဆုံး အဆိုပြုချက်တွင် ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ဟားမတ်စ်တို့ ထိန်းသိမ်း ထားသည့် ဓားစာခံ ၁၀ ဦးကို လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့်၊ အစ္စရေးသည် တစ်သက်တစ်ကျွန်းကျခံနေရသော ပါလက်စတိုင်းအကျဉ်းသား ၁၂၀ နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်ကတည်းက ထိန်းသိမ်းခံထားရသော အကျဉ်းသား ၁,၀၀၀ ကျော်ကို လွှတ်ပေး မယ်လို့ ဆိုထားပါတယ်။ အဆိုပါကမ်းလှမ်းချက်သည် စစ်ပွဲအပြီးသတ်အဆုံးသတ်ရန်အတွက် အခြေအနေတစ်ရပ်ဖြစ်ပေမဲ့ ဟားမတ်စ်အား လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုထားတာဖြစ်လို့ ဟားမတ်တွေက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
တစ်စိတ်တစ်ပိုင်း သဘောတူညီချက်များကို "အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ သူ့ရဲ့ အစိုးရက လူမျိုးတုံးသတ်ဖြတ်မှု ကို အကာအကွယ်လုပ်ဖို့အတွက် နိုင်ငံရေး အစီအစဉ် တစ်ခုလုပ်ပြီး အသုံးချနေပါတယ်။ သူတို့ကိုယ်တိုင်ကိုက အကျဉ်းသား (ဓားစာခံ) အားလုံးကို နစ်နာစေအောင်လုပ်နေတာပါ" လို့ ဟေယာက ပြောပါတယ်။
ဂါဇာစစ်ပွဲအဆုံးသတ်ရေး၊ အစ္စရေးအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းများကို လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးတို့အတွက် ဟားမတ်စ်က “ဓားစာခံအားလုံးကို လဲလှယ်ရန် သဘောတူညီချက်တစ်ရပ်ကို ချက်ခြင်းညှိနှိုင်းရန် အဆင်သင့်ဖြစ်နေပြီ”လို့ ပြောထားပါတယ်။ ဓားစာခံ ၅၉ ဦး ကျန်ရှိနေကြောင်း အစ္စရေး အာဏာပိုင်များက အစီရင်ခံခဲ့ရာတွင် ၂၄ ဦး အသက်ရှင်လျက် ရှိတယ်လို့ ယုံကြည်ရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment