မင်းဘူးမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့






မင်းဘူး  ဧပြီ  ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူးအလှူတော်မင်္ဂလာအဖြစ် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အသက်သိက္ခာဂုဏ်ဝါကြီးမားကြကုန်သော သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းဟူသော မင်္ဂလာတရားတော်နှင့်အညီ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဝန်ချတောင်းပန်ရှီခိုးကန်တော့ခဲ့ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းစကားပြန်လည်ပြောကြားခဲ့သည်။

သက်ကြီးဘိုးဘွားပူဇော်ပွဲတွင် မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား (၁၃) ဦးနှင့် မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၄၃)ဦး စုစုပေါင်း ဘိုးဘွား(၅၆)ဦးအား တစ်ဦးလျှင် အလှူငွေ ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၆၈၀၀၀၀ ကျပ်တိတိကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းပေးအပ်ခဲ့ကြပြီး၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ လိုအပ်သောဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကာ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများက ကြို/ပို့သွားလာနေထိုင်ရေး စသည့်လုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)