မန္တလေးမြို့ ငလျင်ဘေးဒဏ်သင့်သူများအတွက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ ငလျင်ဘေးဒဏ်သင့်သူများအတွက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်



ချမ်းအေးသာစံ ,  ဧပြီ  ၁၈


မန္တလေးမြို့ ငလျင်ဘေးဒဏ်သင့်သူများအား ကူညီကယ်ဆယ်ရန် အိန္ဒိယနိုင်ငံမှ ထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ(၁၆)ရက်နေ့ မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အဖွဲ့၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ‌ ပေးပို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကူညီဆောင်ရွက်ပေးခြင်းများအပေါ် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီးနောက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးပို့လာသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်H.E.Mr.Sundeep Kaushalနှင့်အဖွဲ့ကပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)