ဖနွမ်းပင်၊ ဧပြီ ၁၈
တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အရွယ်အစားမတူညီသည့်နိုင်ငံများအကြား သာတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးပြုမှုရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေချိန်အတွင်း ကမ္ဘောဒီးယား ဘုရင် နိုရိုဒမ် သီဟာမိုနီနှင့် ဧပြီ ၁၇ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့က ခေတ်သစ်ကာလ၌ တရုတ်-ကမ္ဘောဒီးယား ထာဝရ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် ဧပြီ ၁၇ ရက်၌ သဘောတူညီခဲ့ပြီး ၂၀၂၅ ခုနှစ်ကိုလည်း တရုတ်-ကမ္ဘောဒီးယား ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုက သမိုင်းနှင့် ပြည်သူများ၏ ရွေးချယ်မှုဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁၇ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ရင်းနှီးချစ်ကြည်သော အိမ်နီးချင်းများဖြစ်သည်သာမက သံမဏိကဲ့သို့ခိုင်မြဲသော မိတ်ဆွေများလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost







No comments:
Post a Comment