မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ဦး တရားအလှူတော် ဓမ္မသဘင်မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ဦး တရားအလှူတော် ဓမ္မသဘင်မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ





ချမ်းအေးသာစံ ၊ ဧပြီ ၁၈


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်သစ်ကူးနှစ်ဦး တရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ၁၃၈၇ ခု၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယမန်နေ့ညပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောကြားခဲ့သည်။


အဆိုပါမြန်မာနှစ်သစ်ကူး နှစ်ဦးတရားအလှူတော်ဓမ္မသဘင်အခမ်းအနား သို့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များ၊ ဝတ်အသင်းများနှင့် ဓမ္မမိတ်ဆွေဧည့်ပရိသတ်များ တက်ရောက်တရားနာယူကြသည်။


၎င်းနောက် မြန်မာနှစ်သစ်ကူး နှစ်ဦးတရားအလှူတော်ဓမ္မသဘင်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်များက အလှူငွေများ လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာ ဘိဝံသထံက ရေစက်ချတရားများ နာယူကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)