အကြိမ် (၇၀) မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ငွေကျပ် (၈၄၄) သိန်းကျော် လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြိမ် (၇၀) မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ငွေကျပ် (၈၄၄) သိန်းကျော် လှူဒါန်း




ကျောင်းကုန်း၊ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ အကြိမ် (၇၀) မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်း‌ဆန်တော်လောင်းလှူပွဲကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က တာဦးကဉ္စနာရာမကျောင်းတိုက်မှ စတင်လောင်းလှူခဲ့ကြသည်။

နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ မြတ်ဘုရားနှင့်သံဃာတော်များ၊ သီလရှင်များက အမှတ် (၃) ရပ်ကွက်မှ စတင်ကြွချီလာကြပြီး၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်တို့ရှိ ဗဟိုမဏ္ဍပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာမဏ္ဍပ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများထံသို့ အလှူခံကြွချီခဲ့ကြသည်။

အကြိမ် (၇၀) မြောက် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲ၌ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၄၂) ကျောင်းနှင့် သီလရှင်ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၄၄) ကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းကွမ်းဝေယျာဝစ္စအဆင်ပြေချောမွေ့စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆွမ်းဆန်တော်နှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၃၀၆) သိန်းကျော်နှင့် လှူဖွယ်ငွေသားတန်ဖိုး ငွေကျပ် (၅၃၈) သိန်းကျော်၊ စုစုပေါင်းငွေကျပ် (၈၄၄) သိန်းကျော် လောင်းလှူခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)