ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ပထမညဓမ္မသဘင် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ပထမညဓမ္မသဘင် ကျင်းပပြုလုပ်





ပဲခူး  ၊  ဧပြီ ၁၈


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို မြန်မာနှစ်ဆန်း(၁)ရက်၊ ယမန်နေ့ ယမန်နေ့ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ တရားနာပရိတ်သတ်များ နာယူကြည်ညိုကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော တရားနာဧည့်ပရိတ်သတ်အပေါင်းတို့က ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုန္ဒရအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်မှ "အသေမြန်လှလူ့ဘဝ ကုသိုလ်ပြုမှတော်တော့မည်" တရားခေါင်းစဥ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ဟောကြားတော်မူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တရားနာပရိတ်သတ်များမှ လှူဒါန်းသည့် ဓမ္မပူဇာအလှူငွေ ကျပ်သိန်း(၆၀)နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြပြီး မြန်မာနှစ်သစ်ကူးတရားအလှူတော် ပထမညဓမ္မသဘင်အား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို ၁၃၈၇ခုနှစ်၊ တန်ခူးလပြည့်ကျော်(၅)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၇)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ မှ ဧပြီလ(၁၉)ရက်နေ့အထိ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်​တော်၌ (၃) ညတိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)