သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၅) ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၃၀) ကျော်တို့မြို့တွင်းလှည့်လည် အပူဇော်ခံဆွမ်းဆန်တော်လောင်းလှူပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၃၅) ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၃၀) ကျော်တို့မြို့တွင်းလှည့်လည် အပူဇော်ခံဆွမ်းဆန်တော်လောင်းလှူပွဲ






သာပေါင်း၊ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း (၃၅) ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၃၀) ကျော်တို့ မြို့တွင်းလှည့်လည်အပူဇော်ခံဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ မြန်မာ နှစ်ဆန်း (၁) ရက် ယမန်နေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့က ကြည်ညိုသဒ္ဒါထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ လောင်းလှူပူဇော်လျှက်ရှိကြသည်။

ထိုသို့ နှစ်စဉ်နှစ်တိုင်း ‌မြန်မာနှစ်ဆန်း (၁) ရက်နေ့ရောက်တိုင်း လောင်းလှူပူဇော်နေကြ ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို အမှတ် (၃) ရပ်ကွက်၊ကန္နားလမ်းရှိ ဝိသုဒ္ဓါရာမမြို့မမင်းကျောင်းတွင် စုရပ်ပြုပြီး မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း (၃၅) ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၃၀) ကျော်တို့က မြို့တွင်းလမ်းတိုင်သို့ ကြွ‌ရောက်အပူ‌ဇော်ခံကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ သဒ္ဒါကြည်လင်စိတ်ကောင်းဝင်လျှက်ရှိကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအလှူရှင်အပေါင်းတို့က ဘာသာသာသနာအဓွန့်ရှည်တည်တန့်ခိုင်မာစေရေး စိတ်ရည်သန် ရည်စူး၍သဒ္ဒါထက်သန်စွာ ဆွမ်းဆန်တော်များနှင့် လှူဖွယ်အစုစုတို့ကို နည်းများမဆို ပါဝင်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်မျိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)