ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်




ချမ်းအေးသာစံ  ၊ ဧပြီ  ၁၈


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅) ရက် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအချိန်အခါသမယတွင် ချမ်းအေးသာစံမြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များကို ယမန်နေ့ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် အိမ်တော်ရာဘုရားဝင်းအတွင်းမှ စတင်၍ သံဃာတော် (၁၀) ပါးမှ ပရိတ်တရားတော်များ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ မိုးကောင်းတိုက်သုံးထပ်ကျောင်းဆရာတော်ဥူးဝိဒူရမှ ကြီးမှူး၍ ပင့်သံဃာ (၉) ပါးနှင့်အတူ အိမ်တော်ရာ ဘုရားဝင်းအတွင်းမှ စတင်ရွတ်ဖတ်ခဲ့ရာ ၂၆ လမ်းမကြီးမှ အရှေ့မြို့ပတ်လမ်း၊ ၃၅ လမ်းမကြီးမှ အနောက်ကမ်းနားလမ်းအထိ ချမ်းအေးသာစံမြို့အတွင်း ကားများဖြင့် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရှိရသည်။


ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည့်ပူဇော်ရွတ်ဖတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအေးလင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ လိုက်ပါခဲ့ကြကြောင်း၊ သံဃာတော်များကို ဝတ္ထုငွေကျပ် (၁) သိန်းစီနှင့် သင်္ကန်းများလှူဒါန်းဆပ်ကပ်ခဲ့ကြပြီး ဆရာတော်ကြီးဥူးဝိဒူရထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချခဲ့ကြောင်း သိရသည်။


ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)