ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီး-အစ္စလာမီအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ လွတ်လပ်သော မွတ်စလင် ပြည်နယ်တစ်ခု တည်ထောင်ရန် အဆိုပြု ပြောဆိုနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီး-အစ္စလာမီအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ လွတ်လပ်သော မွတ်စလင် ပြည်နယ်တစ်ခု တည်ထောင်ရန် အဆိုပြု ပြောဆိုနေပြီ




ဘင်္ဂလားဒေ့ရှ် Daily Star သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်က မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ထိပါးစော်ကားထားတဲ့ သတင်းဖြစ်နေပါတယ်။

Daily Star သတင်းစာရဲ့ အဆိုအရ ဂျမတ်အဖွဲ့ မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်ခု အရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ခိုးဝင်ဘင်္ဂါလီ (၎င်းတို့အဆို လူမျိုးလိမ် ရိုဟင်ဂျာ) များအတွက် လွတ်လပ် သော မွတ်စလင် ပြည်နယ်တစ်ခု တည်ထောင်ရန် အဆိုပြုချက်ကို မနေ့ က ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရှိ ဟိုတယ်တစ်ခုတွင် တရုတ်ကွန်မြူနစ်ပါတီ ( စီပီစီ ) ၏ ဧည့်သည် ကိုယ်စားလှယ်တစ်ဦး နှင့် တွေ့ဆုံမှုတစ်ခုအတွင်း တင်ပြခဲ့တယ်လို့သိရပါတယ်။ 

စီပီစီ ပါတီဗဟိုကော်မတီ နိုင်ငံတကာဌာန ၏ တောင်နှင့်အရှေ့တောင်အာရှရေးရာဗျူရို မှ ပန်ရှူဘင် ဦးဆောင်သော  အဖွဲ့ဝင်ကိုယ်စားလှယ်သုံးဦးသည် အစည်းအဝေးကို တက်ရောက်ခဲ့သည် ဟု ထုတ်ပြန်ချက်က ဆိုပါတယ်။ 

နာအက်-အီး-အမီယာဆစ်အဗဒူလာမိုဟာမက်တာဟာ သည် အစည်းအဝေးအတွင်း ဂျမတ်အဖွဲ့ ကိုယ်စားလှယ်များကို ဦးဆောင်ခဲ့ပါတယ်။ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မော်လာနာရာဖီကူအစ္စလာမ်ခန် နှင့် အက်ဆာနူးမာဘူဇူဘား ၊ အမှုဆောင်ကော်မတီအဖွဲ့ဝင် နှင့် မီဒီယာအတွင်းရေးမှူး မိုတီရာရာမန်အကန်ဒါ ၊ မြို့တော် ဒါကာတောင်ပိုင်းမှ အမှုဆောင်ကော်မတီအဖွဲ့ဝင် နူရူအစ္စလာမ်ဘူဘူလ် နှင့် မြို့တော်ဒါကာ မြောက်ပိုင်းမှ အမှုဆောင်ကော်မတီအဖွဲ့ဝင် စီလင်အူဒင်အမီယာ တို့လည်းတက် ရောက်ခဲ့ကြပါတယ်။ 

အစည်းအဝေးပြီးနောက် သတင်းထောက်များအား ရှင်းလင်းပြောကြားရာတွင် တာဟာက "ဘင်္ဂလားဒေ့ရှ်တွင် လူမဆန်သော အခြေအနေများတွင် နေထိုင်နေကြသော ခိုးဝင်ဘင်္ဂါလီ ၁၁ သန်းမှ ၁၂ သန်းရှိနေပါတယ်။ သူ တို့ကို အစားအစာနှင့်အဝတ်အထည်များ ပေးခြင်းသည် ဖြေရှင်းနည်း မဟုတ်ပါ။ တည်မြဲသောဖြေရှင်းနည်းမှာ သူတို့ကို ပြည်တော်ပြန်ပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခိုးဝင်ဘင်္ဂါလီ အများစု နယ်မြေတွင် "လွတ်လပ်သော အာရကန်ပြည်နယ်" တစ်ခုတည်ထောင်ရန် ကျွန်တော်တို့ အဆိုပြု ခဲ့ပါတယ်" လို့ ဆိုပါတယ်။  

တရုတ်သို့ အဆိုပြုချက်ကို အဘယ်ကြောင့် ပြုလုပ်ခဲ့ကြောင်းရှင်းပြ ရာတွင် ဂျမတ်ခေါင်းဆောင် က တရုတ် သည်မြန်မာနှင့် ခိုင်မာသော ဆက်ဆံရေးရှိသောကြောင့်အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်ဟု ပြောခဲ့ပါတယ်။  စီပီစီ ကိုယ်စားလှယ်အဖွဲ့ က သူတို့၏ အစိုးရသို့ အဆိုပြုချက်ကို တင်ပြလိမ့်မည်ဟု အာမခံခဲ့ပါတယ်။  

အစည်းအဝေးအတွင်း ဂျမတ်ခေါင်းဆောင်များက တရုတ်ဘက်ကို တီစတာရေတံတားစီမံကိန်း၊ ဒုတိယ ပက်မာတံတားတစ်ခုနှင့် ပင်လယ်နက်ဆိပ်ကမ်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ပါတယ်လို့  တာဟာ က ပြောခဲ့ပြီး ဒေသတွင်း လုံခြုံရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ တယ်လို့ ထပ်လောင်း ပြောကြား ခဲ့ပါတယ်။  သူက စီပီစီကိုယ်စားလှယ်အဖွဲ့ သည် တရုတ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခုသို့ ဂျမတ်အဖွဲ့ ကို ဖိတ်ခေါ်ရန် သူတို့၏ဆန္ဒကိုဖော်ပြခဲ့သည်ဟုထပ်မံဖော်ပြခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ် - တရုတ် နှစ်နိုင်ငံအရေးဆွေးနွေးခြင်းမျှသာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးပြောဆိုလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂျမတ်-အီး-အစ္စလာမီအဖွဲ့ရဲ့ အဆိုပြုချက်ဟာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့အဆိုပြုချက် ဖြစ်ပါတယ်။ ဒီသတင်းကို အခြေခံပြီး ပြည်သူများအနေနဲ့လည်း အနောက်တံခါးက ထပ်မံခြောက်လှန့်လာတဲ့ အန္တရာယ်ကို သတိပြုမိဖို့ လိုပါတယ်။ ဂျမတ်-အီး-အစ္စလာမီအဖွဲ့ရဲ့ အဆိုပြု ဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက စီပီစီ ကိုယ်စားလှယ်အဖွဲ့ ကလည်း ဒါကို လက်ခံပြီး အစိုးရဘက်ကို တင်ပြလိမ့်မယ်လို့ မီဒီယာမှာ ထည့်သွင်းပြောဆိုခြင်းဟာ တရုတ်နိုင်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒီလိုဆွေးနွေး ပြောဆိုမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကို မီဒီယာတစ်ခုက မေးမြန်းထားတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ်မှာ ပြန်လည်တုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ အနောက်တံခါးဟာ အစဉ်သဖြင့် အမျိုးသားရေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ အိမ်နီးချင်းဆက်ဆံရေးကို ပျက်ရယ်ပြုပြီး အချုပ်အခြာအာဏာကို ထိပါးပြောဆိုလာတဲ့ အခြေအနေကို ရဟန်းရှင်လူပြည်သူများ သတိပြုမိစေဖို့ ကောက်နှုတ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။


Ref - Daily Star

ဘာသာပြန် - ဆရာမောင်ယဿ

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)