နေပြည်တော်၊ ဧပြီ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၄ ရက်နေ့ ၁၆၃၀ အချိန် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်တွင် ကျော်ဆန်းလင်း(ခ)အငဲ မောင်းနှင်ပြီး ဇော်ထက်(ခ)ငပိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ပြား(တစ်ပြားလျှင်ငွေ ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဆန်းလင်း(ခ)အငဲ(၂၉)နှစ်နှင့် ဇော်ထက်(ခ) ငပိန်(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment