နေပြည်တော်၊ ဧပြီ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၃ ရက်နေ့ ၂၃၀၀ အချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင် EXPRESS မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမြင့်မြင့်ခိုင်(ခ)မခိုင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေ ၁,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀၀) သိမ်းဆည်းရမိ ခဲ့သဖြင့် မမြင့်မြင့်ခိုင်(ခ)မခိုင်(၅၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment