ဧပြီ - ၁၀ ( ကြာသပတေးနေ့ )
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ လူ ၁၆၆ ယောက်သေဆုံးပြီး အမြောက် အများ ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အဆိုးဝါးဆုံး အကြမ်းဖက်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ် ။ အဲ့ဒိ အကြမ်းဖက်မှုကို ဦးဆောင်ပြီး အစီအစဉ်ချပေးခဲ့တဲ့ ဒေါက်တာ တာဟော်ဝါဟူစိန်ရာနာ ကို အမေရိကန်က ဖမ်းဆီးထားပြီး မနေ့က အိန္ဒိယနိုင်ငံကို အကျဉ်းသားလွှဲပြောင်းရေး အစီအစဉ်နဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။
ဟူစိန်ရာနာက အမေရိကန်၊ ကနေဒါ နိုင်ငံသားအဖြစ်ခံယူထားပြီး ပါကစ္စတန်စစ်တပ်မှာ သမားတော်အဖြစ် တာဝန်ထမ်းဖူးခဲ့ပြီး သူလိုပဲ ကနေဒါ သမားတော် အမျိုးသမီးနဲ့ လက်ထပ်ကာ ကနေဒါနိုင်ငံသား ခံယူခဲ့တာပါ။ ပြီးတော့ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ လုပ်ငန်းပေါင်းစုံလုပ်ခဲ့ပြီး ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားတွေကို အဖော်ဖြစ်တဲ့ အမေရိကန်သား ဒေဗစ်ကိုးလ်မန် ဟတ်ဒ်လေနဲ့ အတူ လေ့ကျင့်ရေး လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။
အကျဉ်းသားလွဲပြောင်းမှုကို အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီက ဒေလီမြို့မှာ လက်ခံယူခဲ့ပြီး အထူး တရားရုံးမှာ စစ်ဆေးမှာဖြစ်ပါတယ်။ ၆၄ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ရာနာကို ၂၀၁၁တုန်းက အမေရိကန်တရားရုံး တစ်ခုက အကြမ်းဖက်သမားတွေကို လက်နက်ထောက်ပံ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ အမေရိကန် ဗဟိုတရားရုံးက ရာနာကို လွှဲပြောင်းဖို့အတွက် ပယ်ချခဲ့ပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ရာနာကို အမေရိကန်မှာ မထားနိုင်ဘူး အိန္ဒိယကို လွှဲပေးရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာပါပဲ ဖြစ်ပါတယ်။ အဲ့ဒိတရားခံလွှဲပြောင်းရေးကို အိန္ဒိယက တောင်းဆိုနေတာ နှစ်ပေါင်း တော်တော်ကြာခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment