အခွန်စည်းကြပ်မှု အစီအမံတွေ ပြန်လည်သုံးသပ်ဖို့ အမေရိကန်ပြည်ထောင်စုကို ဂျပန်ညှိနှိုင်းရေးမှူး တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခွန်စည်းကြပ်မှု အစီအမံတွေ ပြန်လည်သုံးသပ်ဖို့ အမေရိကန်ပြည်ထောင်စုကို ဂျပန်ညှိနှိုင်းရေးမှူး တိုက်တွန်း


ဧပြီ - ၁၈

ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေးဝန်ကြီး Akazawa Ryosei က အမေရိကန် သမ္မတ Donald Trump နဲ့ ထိပ်တန်း အစိုးရအရာရှိတွေကို အမေရိကန် အခွန်စည်းကြပ်မှု အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်။

စည်းကြပ်ခွန်ဆိုင်ရာ ဂျပန်နိုင်ငံရဲ့ ညှိနှိုင်းရေးမှူးဖြစ်တဲ့ မစ္စတာ Akazawa ဟာ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ မစ္စတာ Trump နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက နောက်ပိုင်းမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စတာ Akazawa က ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru ရဲ့ သတင်းစကားကို မစ္စတာ Trump ဆီ ပေးပို့ခဲ့ပြီး ဂျပန်နဲ့ အမေရိကန် နှစ်ဘက်စလုံးရဲ့ စီးပွားရေး အားကောင်းစေမယ့် ပြီးပြည့်စုံတဲ့ သဘောတူညီချက်တစ်ခု အမြန်ဆုံးဖော်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အရာရှိတွေနဲ့ ညှိနှိုင်းရာမှာ မစ္စတာ Akazawa က အမေရိကန်ပြည်ထောင်စုမှာ ဂျပန်နိုင်ငံရဲ့ အနာဂတ် ရင်းနှီးမြုပ်နှံမှုနဲ့ အမေရိကန် အလုပ်အကိုင်တွေအပေါ် သက်ရောက်မှုတွေကို အကြောင်းပြရင်း မော်တော်ယာဉ်နဲ့ သံမဏိတွေအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုနဲ့ အပြန်အလှန် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းတွေဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေက ကြေညာမယ့် သဘောတူညီချက်ကို အမြန်ဆုံးရရှိစေဖို့ ရည်ရွယ်ပြီး ပွင့်ပွင့်လင်းလင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်။

အခုလမကုန်ခင် နောက်တစ်ကြိမ် ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့နဲ့ ဝန်ကြီးအဆင့် ညှိနှိုင်းမှုတွေသာမက လုပ်ငန်းအဆင့် ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်ဖို့လည်း သူတို့က သဘောတူခဲ့ကြပါတယ်။

ဝါရှင်တန်မှာ အဲဒီတွေ့ဆုံမှုတွေပြီးတဲ့နောက် မစ္စတာ Akazawa နဲ့ သူ စကားပြောခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru က ပြောပါတယ်။

မစ္စတာ Ishiba က "ဆွေးနွေးပွဲတွေဟာ နောက်တစ်ကြိမ် ညှိနှိုင်းမှုတွေဆီကို ဦးတည်သွားမယ်လို့ ကျွန်တော်သဘောပေါက်ထားပြီး ဒီအတွက် အကောင်းမြင်ပါတယ်" လို့ ပြောပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)