ဧပြီ - ၉ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ နဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ် မွတ်ဟမ်မက် ယူနူ့စ် တို့သည် မြို့တော် ဒါကာ တွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံတွေ့ဆုံမှုတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ကတိပြုခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ကို တော်လှန်ရေးသမားတွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လက လူထုဆန္ဒပြပွဲတွေအပြီး ရာထူးက နှုတ်ထွက်ခိုင်းစေခဲ့ပြီးနောက် တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
ဘန်ကောက်မြို့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ထိပ်သီးအစည်းအဝေး ရဲ့ သီးခြားဆွေးနွေးပွဲတွင် မိုဒီက အိန္ဒိယ၏ “လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်လိုသော ဆန္ဒရှိကြောင်း” ယူနူ့စ်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းက “ပတ်ဝန်းကျင်ကို ထိခိုက်စေသော စကားအပြောအဆိုများကို ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်တယ်” လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆွေးနွေးပွဲအပြီး ကြေညာချက်တွင် ပြောကြားခဲ့ပါတယ်။
မိုဒီသည် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် လူနည်းစုအခွင့်အရေးများကဲ့သို့သော စိုးရိမ်ပူပန်မှုနယ်ပယ်များကို မှတ်ချက်ပြုခဲ့ပြီး “ဟိန္ဒူအပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုများ၏ လုံခြုံရေးအပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများ” ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်များကြား ဖလှယ်မှုသည် "ပွင့်ပွင့်လင်းလင်း၊ အကျိုးဖြစ်ထွန်းပြီး အပြုသဘောဆောင်သည်" ဟု ဒါကာအစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။ "ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် ၎င်း၏ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားပါသည်" ဟု အကြံပေးပုဂ္ဂိုလ်ယူနူ့ ၏ တရားဝင် Facebook စာမျက်နှာတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ ကျွန်ုပ်တို့နှစ်နိုင်ငံကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ချစ်ကြည်ရင်းနှီးမှုသည် ရောယှက်နေသော သမိုင်းများ၊ ပထဝီဝင်အနေအထားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်မှုတို့ပေါ်တွင် တည်ရှိကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment