ဧပြီ - ၉ ( ဗုဒ္ဓဟူးနေ့ )
မနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်တွေအပေါ် ၁၀၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံတဲ့ အမိန့်ကို ထုတ်လိုက်ပြီးနောက်မှာတော့ တရုတ်နဲ့ဖြစ်နေတဲ့ ကုန်သွယ်မှုလိုငွေကနေ ၁. ၅ ထရီလီယံကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲ့လို တရုတ်သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်လိုက်တာက ကုန်သွယ်ရေးပဋိပက္ခကို တိုးမြင့်လာစေ နိုင်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်တွေကို ၁၀ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်းနှုန်း သို့ တိုမြှင့် ကောက်ခံပြီးနောက်မှာတော့ တရုတ်ဘက်ကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတဲ့ အမေရိကန်သွင်းကုန်တွေကို ၃၄ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလိုက်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မကျေနပ်လို့ လက်ရှိကောက်ခံတဲ့တဲ့ အခွန်နှုန်း ၁၀၄ ရာခိုင်နှုန်းကို ပြဌန်းလိုက်တာပဲ ဖြစ်ပါတယ်။
"တရုတ်တွေက မမျှတတဲ့ ကုန်သွယ်မှုတွေကိုလုပ်နေပါတယ်။ အဲ့ဒိချိုးဖောက်မှုတွေကို ကျနော်က လက်တုံ့ပြန်နေတာပါ။ နောက်ထပ်အသေးစိတ် စည်းကြပ်မှုတွေကို ထပ်လုပ်ဦး မှာပါ" လို့ ဝါရှင်တန်မြို့မှာ မနေ့ညက ပြုလုပ်တဲ့ ရီပတ်ဘလီကန်ကွန်ဂရက်လွှတ်တော် ညစာစားပွဲတွင် ထရမ့်က ပြောသွားပါတယ်။
အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှုနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် က နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာပြီး အမေရိကန်ကို တင်သွင်းတဲ့ သွင်းကုန်အားလုံးအပေါ် အခြေခံအခွန်စည်းကြပ်ဖို့ အိမ်ဖြူတော်က ဧပြီလ ၂ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ထရမ့်က နိုင်ငံတစ်ခုချင်းစီနှင့် "အံဝင်ခွင်ကျ သဘောတူညီချက်များ" ကို လိုက်လုပ်နေသောကြောင့် နိုင်ငံပေါင်း၇၀ နီးပါးသည် အခွန်ကောက်ခံမှု၏ အကျိုးသက်ရောက်မှုကို ခံစားနေရပြီး ၎င်းကို လျော့ပါးစေရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment