ရွှေတောင်မြို့နယ် အထက(ခွဲ)(သရက်တော ) အခြေခံပညာအထက်တန်းကျောင်း၌ ယဥ်ကျေးလိမ္မာသင်တန်းနှင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အထက(ခွဲ)(သရက်တော ) အခြေခံပညာအထက်တန်းကျောင်း၌ ယဥ်ကျေးလိမ္မာသင်တန်းနှင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်



ရွှေတောင်၊ ဧပြီ  ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက(ခွဲ)(သရက်တော )အခြေခံပညာအထက် တန်း ကျောင်း၌ နွေရာသီ  ယဥ်ကျေးလိမ္မာသင်တန်းနှင် အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်သင်ကြားလျှက်ရှိသည်။

အဆိုပါ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ၊ကျောင်းသူလေးများ ယဥ်ကျေးလိမ္မာ၍ ဗုဒ္ဓဘာသာ ဓမ္မတရားတော်များ တတ်သိနားလည်းပြီး၊ အင်္ဂလိပ်စာ ဘာသာရပ်ကို အကျွမ်းတဝင် တတ်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

သင်တန်းတွင် မူလတန်းအဆင့် ၊အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ လေး ( ၃၀) ဦးတက်ရောက်ခဲ့ကြပြီး ဧပြီ (၁) ရက်နေ့မှ ( ၁၁) ရက်နေ့ထိသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)