ဧပြီ - ၂၆ ( စေနေနေ့ )
ယူကရိန်းအစိုးရအတွင်းပိုင်းက အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး Bild သတင်းဌာနက ယူကရိန်းအစိုးရသည် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ဖြတ်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းမှုများကို စတင်လုပ်ဆောင်နေပါတယ် လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချဖို့အတွက် ယူကရိန်းအစိုးရ ထိပ်သီးပိုင်းတွေက ယူကရိန်းအနေနဲ့ ပြင်းထန်သော ပြဿနာပေါင်းများစွာကို ရင်ဆိုင်ရမယ်ဆိုတာကို ကောင်းကောင်းသိနေကြောင်း၊ ဒါပေမဲ့ အမေရိကန်က ယူကရိန်းပြည်တွင်းရေးကို ထဲထဲဝင်ဝင် စွတ်ဖက်နေတာတွေကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ လက်ရှိက ထရမ့်အစိုးရရဲ့ဖိအားတွေကို အများကြီး ခံစားနေရကြောင်း၊ ယူကရိန်းနဲ့ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားခဲ့ရင် အမေရိကန်က စေစပ်ညှိနှိုင်းသူအဖြစ်မှ ထွက်ပေးရမှာဖြစ်ကြောင်း၊ စာရွက်ပေါ်က ညှိနှိုင်းမှုသက်သက်နဲ့ အလုပ်မဖြစ်တော့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
“အမေရိကန်ရဲ့ အထောက်အပံ့ကို လက်မခံတော့တာနဲ့ ဖြစ်လာမယ့် အဆိုးဆုံးအခြေအနေအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်…၊ လို့ အမည်မဖော်လိုသည့် အစိုးရအတွင်းဝန် အခြားတစ်ဦးက သတင်းဌာနကို ပြောသွားပါတယ်။
အမေရိကန်သမ္မတက ရုရှား - ယူကရိန်း စစ်ပွဲကိုရပ်တန့်သွားစေရန် ကြိုးပမ်းနေတာက တစ်ဖက်၊ အခြားတစ်ဖက်မှာကလည်း အရင်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်က ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ ငွေကြေး တွေကို ပြန်ပြီး ကာမိဖို့အတွက် ယူကရိန်းမှာ မြေရှားသတ္တုတူးဖော်ခွင့် ရရှိရေးအတွက် လှုတ်ရှားမှုတွေ လုပ်နေပါတယ်။ ပြဿနာက ယူကရိန်းသမ္မတ ဇီလန်စကီး နဲ့ ထရမ့်တို့ ဖေဖော်ဝါရီလအတွင်းက အိမ်ဖြူတော်တွေ့ဆုံမှုမှာ လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေ ဖြစ်သွားတဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေပွဲတွေ ဖြစ်လာနိုင်စရာက နည်းပါသွားပြီလို့ အဲ့ဒိသတင်းဌာနက ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment