ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး





မန္တလေး  ဧပြီ  ၂၉


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး၊ အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းရှိ ယာယီစခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ ငလျင်ဒဏ်သင့်ပြည်သူများ တက်ရောက်ကြသည်။


အ.ထ.က(၁၇) ငလျင်ဒဏ်သင့်များ ယာယီစခန်းတွင် မေဃဂီရိရပ်ကွက်၊ ပုလဲငွေရောင်ရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အောင်မြေသာစံရပ်ကွက်၊ အမရဌာနီ(အရှေ့)ရပ်ကွက်၊ အမရဌာနီ (အနောက်)ရပ်ကွက်နှင့် ပြည်လုံးချမ်းသာရပ်ကွက်တို့မှ ငလျင်ဒဏ်သင့် ပြည်သူများအား အိမ်ထောင်စုဇယား(၃၀)ခု၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ (၅၄)တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြင့်မော်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)