မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်၊ ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်၊ ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ




ချမ်းအေးသာစံ  ဧပြီ  ၂၉


မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးခြင်း၊  အဆောက်အအုံများအတွင်း ပိတ်မိ၍ထိခိုက် သေဆုံးခဲ့သူများစွာရှိခဲ့ပြီး ပျံလွန်တော်မူသွားခဲ့ကြသောဆရာတော်၊ သံဃာတော်၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် သေဆုံးကွယ်လွန်သွားကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်လပြည့်အနေဖြင့် အမျှအတမ်းပေးဝေခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်းအစရှိသောလှူဖွယ်ပစ္စည်းများနှင့်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိတ္တသုခကျောင်း စိတ္တသုခဗိမာန်တော်တွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊  မင်းကျောင်း ပထမပြန် စာသင်တိုက်ဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဌာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ စလင်းတဘဇ္ဇဝါဒီကျောင်း ဆရာတော်ဘဒ္ဒန္တဝိလာသာဘိဝံသ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရ၊ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကေသဝ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာ ဘိဝံသနှင့်ပင့်ဖိတ်ထားသည့်ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင် မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညို ကြပြီး နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိ မာဘိဝံသထံက ငါးပါးသီလခံယူဆောက်တည် ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


၎င်းနောက်  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်က ပျံလွန်၊ ကွယ်လွန်သွားကြသော ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်လပြည့် အခမ်းအနား ကျင်းပရခြင်းအား မိန့်ကြားတော်မူပြီးနောက် ရေစက်ချ၊ အမျှအတမ်းပေးဝေကာ အနုမောဒနာတရားများကိုနာယူကြည်ညိုကြပြီး ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)