ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ အင်းလေးဒေသအတွင်း ငလျင်‌ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ အင်းလေးဒေသအတွင်း ငလျင်‌ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်





ညောင်ရွှေ၊ ဧပြီ ၂၆

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ မင်းချောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ကြေးစားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဒေသခံပြည်သူများအား အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က အလှူငွေများနှင့် ပစ္စည်းများပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ရွာမကျေးရွာ နောက်ရပ်ကြီးကျောင်း ဓမ္မာရုံ၌ ငလျင်ဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အလှူငွေများနှင့် ပစ္စည်းများ ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။

ယနေ့အခမ်းအနားအတွင် ပြိုကျပျက်စီးသွားသော နေအိမ်တစ်လုံးလျှင် ခုနစ်သိန်းနှုန်းဖြင့် မင်းချောင်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ငါးဖယ်ချောင်းကျေးရွာအုပ်စုများမှ အိမ်ခြေ (၁၅၆)အိမ်အတွက် (၁၀၉၂၀၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ရွာမကျေးရွာအုပ်စု၊ အင်းတိန်ကျေးရွာအုပ်စု၊ ကျေးပေါခုံကျေးရွာအုပ်စုများမှ အိမ်ခြေ (၁၃၄)အိမ်အတွက် (၉၃၈၀၀၀၀၀) ကျပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


စိုင်းအယ်ဘဲ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)