ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ငွေများပေးအပ်



နေပြည်တော်၊ ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပသည်။

ဦးစွာ ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူများက မတ်တပ်ရပ်၍ တစ်မိနစ်ခန့်ငြိမ်သက်ခဲ့ကြသည်။ ယင်းနောက်  နေပြည်တော်ကောင်စီဝင် ဗိုလ်ကြီးရဲမိုးက ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကားပြောကြားရာ  နေပြည်တော်အတွင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများသို့သွားရောက် အားပေးခဲ့ပြီးပျက်စီးမှုများ၊ ကူညီကယ်ဆယ်နေမှုများကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်မှယန္တရားများ၊ အရာရှိစစ်သည်များ ထုတ်နုတ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်များကနယ်လှည့် ဆေးကုသယာဉ်များဖြင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သဘာဝဘေးသည် မမျှော်လင့်ဘဲကြုံတွေ့ရသည့် ဘေးအန္တရာယ် ဖြစ်သည့်အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်နေတဲ့အချိန်မှာ အသိ၊ သတိနဲ့ မိမိကိုယ်ကိုယ် ဘေးအန္တရာယ် လွတ်ကင်းအောင် ရှောင်ရှားနိုင်ဖို့လိုအပ်ကြောင်း၊  ပြင်းထန်တဲ့ငလျင်ဘေးကြောင့် သေဆုံးခဲ့မှုများ အပေါ်ကျန်ရှိတဲ့ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း ၄၅၀၊   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၄၇ သိန်းနှင့် နေပြည်တော်ကောင်စီမှလှူဒါန်းသည့် ပန်း‌ပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များကို နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က ပေးအပ်ရာ ငလျင်‌ ‌ဘေးသင့်သေဆုံးသူ မိသားစုဝင်များ ကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း ‌သိရသည်။


အောင်မျိုး(ဥတ္တရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)