ရုရှားဗိုလ်ချုပ်ကြီးတစ်ယောက်ကို ကားဗုံးခွဲ လုပ်ကြံမှုမှာ ယူကရိန်းလက်ချက်မကင်းဘူးလို့ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဗိုလ်ချုပ်ကြီးတစ်ယောက်ကို ကားဗုံးခွဲ လုပ်ကြံမှုမှာ ယူကရိန်းလက်ချက်မကင်းဘူးလို့ပြော


ဧပြီ - ၂၆ (စနေနေ့ ) 

ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ကားဗုံးဖြင့် သတ်ဖြတ်ခြင်းသည် ရုရှားတွင် ကာလကြာရှည်စွာ အကြမ်းဖက်လုပ်ဆောင်မှုများတွင် ပါဝင်ခဲ့သည့် ကိယက်ဗ်အစိုးရ၏ စစ်မှန်သောသဘောသဘာဝကို ထပ်မံပြသခဲ့ကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောကြားခဲ့ပါတယ်။ 

ရုရှားစစ်ဦးစီးချုပ် ဒုတိယစစ်ဆင်ရေးမှူး ဗိုလ်ချုပ် ယာရိုစလက် မိုဆာကာလစ်သည် သောကြာနေ့အစောပိုင်းက မော်စကိုမြို့ဆင်ခြေဖုံးမြို့ ဘာလရှိကာရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် ကားဗုံးခံရပြီး သေဆုံးခဲ့ရပါတယ်။ အဖြစ်အပျက်အပေါ် မှတ်ချက်ပေးရာတွင် ပတ်စကော့ က ပြည်သူများအား “သတိရှိရှိနေထိုင်ရန်” နှိုးဆော်ခဲ့ပြီး ယူကရိန်းသည် လုပ်ကြံမှုနောက်ကွယ်တွင် ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ "ကိယက်ဗ်အစိုးရသည် ၎င်း၏အနှစ်သာရကို တစ်ဖန်ပြသသည်" ဟု ပတ်စကော့ မှ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ရုရှားမြေပေါ်တွင် "အကြမ်းဖက်လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေသည်" ဟုလည်းဆိုပါတယ်။  ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် စတဝစ်ကော့တို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံမှုအပြီးတွင်လည်း ၎င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ကျွန်ုပ်တို့ သတိရှိရမည်” ဟု သတိပေးချက်တစ်ရပ်အဖြစ် ပြောကြားခဲ့ပါတယ်။ 

ထိုနေ့အစောပိုင်းတွင် ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က အလားတူ မှတ်ချက် ပေးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုတွင် ယူကရိန်းပါဝင်ပတ်သက်မှုကို အတည်မပြုပေးပါက ကိယက်ဗ် အစိုးရကို လူရိုင်းများဟုလည်းကောင်း သစ္စာမဲ့တဲ့လူ့အဖွဲ့အစည်းဖြစ်တယ်လို့ သက်မှတ်မည် ဖြစ်ကြောင်းပြော သွားပါတယ်။  ယူကရိန်းသည် ပဋိပက္ခကို အရှိန်မြှင့်ရန် နှင့် သံတမန်ရေးအရ ဖြေရှင်းရန်အတွက် အပြုသဘောဆောင်သော အဆိုပြုချက်များကို တာဝန်မဲ့စွာ လျစ်လျူရှုထားတယ် လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားနိုင်ငံ မော်စကိုမြို့၌ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရုရှားရေဒီယို သတ္တိကြွ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး အီဂါကီရီလော့ဗ် သေဆုံးခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဒီအဖြစ်အပျက်ကို ယူကရိန်းထောက်လှမ်းရေးအပေါ် အပြစ်တင်ခဲ့ပါတယ်။  အီဂါကီရီလော့ဗ် ကို သတ်ရန် အသုံးပြုသည့် ဖောက်ခွဲရေး ပစ္စည်းများမှာ ဗိုလ်ချုပ်ကြီး နေထိုင်ခဲ့သည့်အိမ် အပြင်ဘက် ရပ်ထားသည့် ကားတွင် တပ်ဆင်ထားပြီး ကင်မရာဖြင့် စောင့်ကြည့်နေကာ လူနေအိမ် အဆောက်အအုံ အဝင်ပေါက်တွင် ထားရှိထားသည့် လျှပ်စစ်စကူတာ အတွင်းတွင် ထည့်ထားကြောင်း သိရပါတယ်။ ဗိုလ်ချုပ်ကြီးနှင့် ၎င်း၏လက်ထောက်တို့သည် အဆောက်အဦမှ ထွက်လာချိန်တွင် ကျူးလွန်သူများက အဝေးမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)