ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအတွက် ယာယီမေတ္တာ ကွန်းခိုရာနေရာ ထပ်မံဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအတွက် ယာယီမေတ္တာ ကွန်းခိုရာနေရာ ထပ်မံဖွင့်လှစ်



ကျောက်ဆည်၊ ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအား ကြက်မင်းတွန်ရပ်ကွက်ရှိ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း အားကစားကွင်းတွင် ယာယီမေတ္တာကွန်းခိုရာနေရာအား ယနေ့နံနက်ပိုင်းက ထပ်မံဖွင့်လှစ်ပြီး  ပြန်လည် ထူထောင်ရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရုပ်ရှင်သရုပ်ဆောင်နေထူးနိုင်၊ စင်ကာပူရောက် Unity Heart အဖွဲ့၏ လှူဒါန်းမှုဖြင့် ဒေါ်သင်းပျံ့ကြူ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း (ကျောက်ဆည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ)နှင့်တပ်ဖွဲ့ဝင်များ၊ ဒေါက်တာမျိုးဝဏ္ဏအောင်(မြဘုရင်) (မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ)နှင့် တပ်ဖွဲ့ဝင်များ၊မြို့မိမြို့ဖများပူးပေါင်း၍ အိုးအိမ်များပျက်စီး၍ အမှန်တကယ် နေထိုင်ရန် အဆောက်အဦမရှိသော မိသားစုများအတွက် ယာယီနေထိုင်ရန်၊ စားဝတ်နေ ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန်အတွက် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယာယီမေတ္တာကွန်းခိုရာ(၁)နှင့် ဖောင်ရွာရပ်ကွက်တွင် ယာယီ မေတ္တာကွန်းခိုရာ(၂) တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယာယီမေတ္တာကွန်းခိုရာနေရာ(၁)တွင် မြင်စိုင်း  အနောက်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ညောင်ခြောက်ပင်ရပ်ကွက်၊ သစ်ကြီးတန်းရပ်ကွက်၊ ဘင်စုရပ်ကွက်၊ ဆူးကုန်းရပ်ကွက်၊ ပြည်လုံးနိုင်ရပ်ကွက်၊ ပေါင်းလောင်းကျေးရွာနှင့် စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေး ရွာတို့မှ အိမ်ထောင်စု (၂၅)စု၊  ကျား(၂၉)ဦး၊ မ(၅၆)ဦး၊  စုစုပေါင်း(၈၅)ဦးနှင့် ယာယီမေတ္တာ ကွန်းခိုရာနေရာ(၂)တွင် မြင်စိုင်းရပ်ကွက်မှ အိမ်ထောင်စု(၅၁)စု၊ ကျား(၉၁)ဦး၊မ(၉၄)ဦး၊ စုစုပေါင်း(၁၈၅)ဦးအတွက် ယာယီတဲများ ဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် စားသောက်ဖွယ်ရာများကို (၃)လတိတိ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။


တင်တင်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)