နယူးဒေလီ၊ ဧပြီ ၂၆
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၂၀)မိုင်ခန့် အကွာ ကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ မြေငလျင်ဘေးဒဏ်ခံရသည့်ဒေသများမှ ပြည်သူများအတွက် အိန္ဒိယနိုင်ငံရှိ Vellore Institute of Technology မှ အိန္ဒိယရူပီး ၁,၀၀၀,၀၀၀ (ရူပီး တစ်ဆယ်သိန်း)ကို လည်း ကောင်း၊ Indraprastha Apollo Hospital မှ အိန္ဒိယရူပီး ၄၀၀,၀၀၀ (ရူပီး လေးသိန်း) နှင့် ရူပီး ၁၀၀,၀၀၀ (ရူပီး တစ်သိန်း)တန်ဖိုးရှိသည့် ဆေးပစ္စည်းများကိုလည်းကောင်း မြန်မာသံရုံးသို့ ၂၄-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးဇော်ဦးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အိန္ဒိယနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များ၊ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ မြန်မာဘုန်းကြီးကျောင်းများမှ လှူဒါန်းငွေများနှင့် ပစ္စည်းများကို မြန်မာသံရုံး၊ နယူး ဒေလီမြို့သို့ ဆက်သွယ်လှူဒါန်းခဲ့ကြရာ လှူဒါန်းပစ္စည်းများအနေဖြင့် ဆေးနှင့် ဆေးပစ္စည်း (၁၇၆)ပုံး၊ ရေသန့်ဆေးပြား(၄)ပုံး၊ စားသောက်ကုန် (၆၂)ပုံး၊ အနွေးထည်(၁၃)ပုံး၊ ခြင်ထောင်နှင့် စောင်(၃) ပုံးနှင့် လူသုံးကုန်ပစ္စည်း(၄၈)ပုံး စုစုပေါင်း (၃၀၆) ပုံးတို့အပြင် ယာယီတဲ(၁၂)ခုနှင့် အိပ်ယာလိပ် (၃၀)ခုတို့ကို လက်ခံရရှိခဲ့သည်။
၂၅-၄-၂၀၂၅ ရက်နေ့အထိ မြန်မာသံရုံးမှ လက်ခံရရှိသည့် အလှူငွေစာရင်းမှာ အမေရိကန် ဒေါ်လာ ၉,၀၀၀ (အမေရိကန်ဒေါ်လာကိုးထောင်)၊ အိန္ဒိယ ရူပီး ၂,၄၀၅,၅၃၇ (ရူပီး နှစ်ဆယ့် လေးသိန်းငါးထောင်ငါးရာသုံးဆယ်ခုနှစ်)နှင့် မြန်မာကျပ် ၁၀၇,၀၁၇,၀၀၀(ကျပ် သိန်းတစ်ထောင့် ခုနှစ်ဆယ် တစ်သောင်းခုနှစ်ထောင်)အပြင် အမေရိကန်ဒေါ်လာ ၁,၆၀၀ (အမေရိကန်ဒေါ်လာ တစ်ထောင့်ခြောက်ရာ)ခန့် တန်ဖိုးရှိသည့် နိုင်ငံခြားငွေများ (ထိုင်းဘတ်၊ သီရိလင်္ကာရူပီး၊ နီပေါ ရူပီး၊ ဘင်္ဂလားဒေ့ရှ်တာကာ၊ ဗီယက်နမ်ဒေါင်၊ အင်ဒိုနီးရှားရူပြား၊ ကမ္ဘောဒီးယားရီရယ်၊ လာအို ကစ်)ကို လက်ခံရရှိခဲ့သည်။
အဆိုပါလှူဒါန်းငွေများနှင့် ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းလျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment