ပေါင်၊ ဧပြီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံစားသောက်ကုန်များ၊အိမ်ဆောက်ပစ္စည်းအမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက ကဒါရပ်ကွက်မင်္ဂလာဈေးရှိ ကုန်စုံဆိုင်နှင့် ကုန်မာဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရှိ တာဝန်ရှိသူ အသီးသီးတို့က ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်များနှင့်အိမ်ဆောက်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများက ကန့်သတ် တားမြစ်ထားသည့် ကုန်ပစ္စည်းများများ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော ကုန်ပစ္စည်းများရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဈေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချခြင်း မပြုသင့်သည့် ကုန်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment