မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမင်းလှမြို့နယ်၌ အစိုးရကခွင့်ပြုသည့် ဥပဒေနှင့်ညီညွတ်သည့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်မှုများပြုလုပ်သည့် အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမင်းလှမြို့နယ်၌ အစိုးရကခွင့်ပြုသည့် ဥပဒေနှင့်ညီညွတ်သည့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်မှုများပြုလုပ်သည့် အခမ်းအနားတက်ရောက်



အထက်မင်းလှ ၊ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် တိုင်းရင်းသားရေးရာ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့များသည် မင်းလှမြို့နယ်၌ အစိုးရကခွင့်ပြုသည့်ဥပဒေနှင့် ညီညွတ်သည့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက်လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့်ပတ်သက်သည့် စိစစ်ဆောင်ရွက်မှုများပြုလုပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အမှာစကားပြောကြားပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက ဓာတ်သတ္တုတူး‌ဖော်ခြင်းလုပ်ငန်း လျှောက်ထားလာ သောလုပ်ငန်းစာတွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ထိပ်တန်းအောင်မြေ ကုမ္ပဏီနှင့် လင်းရောင်မိုးမြင့်ကုမ္ပဏီမှ တာဝန်ရှိသူများက ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်း‌ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက ဓာတ်သတ္တုတူး‌ ဖော်ခြင်းလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ဓာတ်သတ္တုတူး‌ဖော်ခြင်းလုပ်ငန်း လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ မင်းလှမြို့နယ် မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စာတွဲလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)